Posts

Showing posts from September, 2021

ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ

Image
 ဝက်ခြံ မျက်နှာပေါ်က အလှပျက်စေတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ အရွယ်ရောက်လာလေ လှချင်လေလေပါဆိုမှ ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ ဆယ်ကျော်သက်တွေ အများကြီးနော်။ ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုလို သည်းခံခဲ့ပေမယ့်။ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်သက်ရောက်တာတောင် သူတို့က မခွဲမခွာကိုယ့်အနားမှာရှိနေတာ ကစိတ်ပျက်စရာပါနော်။ တစ်ခါတလေများ မိုးလင်းအိပ်ရာနိုးနိုးချင်း မှန်ထဲကြည့်မိရင် သူတို့ကို အရင်မြင်မိတာ စိတ်ပျက် အားငယ်သလိုတောင်ဖြစ်မိတယ်ဟုတ်။ ကဲ ဝက်ခြံကြောင့် တစ်နေ့တာမှာ စိတ်ပျက်တာမျိုး မဖြစ်ရစေဖို့ အခုပြောပြတဲ့နည်းလေးတွေက ကူညီပေးနိုင်မှာပါ။ ဝက်ခြံ သက်သာစေမယ့်နည်းလမ်းအချို့ မျက်နှာပေါ်က ဝက်ခြံ တွေကို ဆေးတွေသုံးပြီး ပျောက်အောင်လုပ်ချင်ပေမယ့် ဘေးထွက်ဆိုးကျိုးရှိလာမှာကို စိုးရိမ်သူတွေအတွက် သာဝ ပစ္စည်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပြောပြမယ်နော်။ သခွားသီး – မျက်နှာကို သန့်နေအောင်သစ်ပါ။ ပြီးရင် ခပ်ပါးပါးလွှာပြီး အအေးခံထားတဲ့ သခွားသီးကို မျက်နှာအနှံ့ကပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်နော်။ တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။ ad : ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GEL ကိုသုံးကြည့် ပါ တကယ်ကောင်းပါ